လွှတ်လပ်ခြင်း



ဂလွတ်....... ဂလွတ်
ဟော့....... ဒီနေရာ ရောက်ဖူးသလိုလိုပဲ
ဒီဟာကိုလဲ မြင်ဖူးခဲ့ပါသေးရဲ့။
ဂလွတ်......... ဂလွတ်
မြင်နေကျ ဒီခေါက်ရိုးကျိုး မြင်ကွင်း
ထပ်တူမိတ္တူကူးထားသလိုပါပဲလား
ဟောဒီနေရာတွေ။
ဂလွတ်........ ဂလွတ်
လွှတ်လပ်ပေါ့ပါး ငြိမ့်ငြိမ့်ပါအောင်
ကူးခတ်လှုပ်ရှားဖို့
ဝါးစားခံလိုက်ရတဲ့ အခွင့်အရေးတွေနဲ့
ဒီအလှဖန်လုံ မှန်ဘောင်အိမ်လေးထဲ
အခေါက်ခေါက်အခါခါ
တကြော့ပြီးတကြော့
ဟိုဒီပြေးလွှား
နားထင်မှာ တဒိတ်ဒိတ်နဲ့။
ဂလွတ်......... ဂလွတ်
လွှတ်မြောက်ချင်လှပါဘိ
တခြားသူတွေလို ဒီမှန်လုံအိမ်မှ
လွှတ်လပ်ချင်စမ်းပါဘိ
အများသူငါလို ဒီစက်ဝန်းမှ
ကျွတ်ချင်စွမ်းပါဘိ
ဒီအချိန်မှန် ကျွေးချိန်တန်မှ
စားရတဲ့ ဒီဘဝမှ
ဒီလိုနဲ့..............
ဂလွတ်............ ဂလွတ်
ဂလွတ်........ဂလွတ်........ ဂလွတ်......... ။ ။

Classy Lian
16/01/2015

Comments

  1. I like it. Please write more and share more.

    ReplyDelete
  2. အားပေးနေတယ်

    ReplyDelete

Post a Comment