၂၀၁၉...........
ပြီဆုံးသွားခဲ့ပြီ။
ရာသီရဲ့ ပြယုဂ်
ဆောင်းရနံ့တို့
သက်ရှင် ပျံ့လွင့်နေဆဲထင်။
ယခုနှစ်သစ်ထဲ
၂၀၂၀ ရဲ့ သန္ဓေသားလောင်းအား
ဇန်နဝါရီက
ဆောင်းနှင်းဥလေးတွေနဲ့အတူ
သားဦးရတနာအဖြစ်
မွေးဖွားသန့်စင်လာခဲ့ပြန်ပြီ။
ဒီလိုနဲ့
လက်ဆက်သစ်လွင်တဲ့ နှစ်သစ်နဲ့
လက်ဆွဲနှုတ်ဆက်ဖြစ်ခဲ့တယ်။
လူဟောင်း၊ ဘဝဟောင်း နဲ့
မီးပူတိုက်လာခဲ့တဲ့
စိတ်ကူးအမြင် နဲ့ အယူအဆ
စိတ်ဓာတ် နဲ့ အတွေးအခေါ်
ဒါတွေ............
ဒါတွေအားလုံး
ဘဝစာမျက်နှာသစ် လှန်ကြည့်ဖို့
ဆန္ဒအိတ်တလုံးစာ
စုဆောင်းမိပြီလား။
နှစ်သစ်မှာ တစ်နှစ်တိုးလို့အို
တို့ရဲ့နိဂုံး စကဆုံး
ပြီးဆုံးဦးမှာလား
ပြီးဆုံးခဲ့တဲ့ ၂၀၁၉ တုန်းကလိုပေါ့ ။ ။
Classy Lian
02/01/2020

Love it.
ReplyDeleteGreat one!
ReplyDeleteLike it, Meaning zong hoih peuh mah ei
ReplyDelete