ရင်တွင်းဖြစ်



👉    ရင်တွင်းဖြစ်    👈

💡💡💡💡💡💡💡💡

ရင်တွင်း လောင်ကျွမ်းသမျှ အန်ထုတ်

Hip-hop သီချင်းတစ်ပုဒ်နဲ့

ကျိန်ဆဲ လိုက်ချင်ပါရဲ့

ဒုက္ခက

စီးကရက် မီးကူးသလို ခုချက်ချင်း။

ဘဝက

သစ်ခြောက်ပင်ရဲ့

အကိုင်းအခတ်တွေ လောက်တောင်

တောင့်တင်းခိုင်မာမှု မရှိတော့ဘူးလားကွယ်။

အစားသုံးခံလိုက်ရတဲ့

ငါ့ရဲ့ နာရီတွေ

ငါ့ရဲ့ နေ့ရက်တွေ

ငါ့ရဲ့ အချိန်တွေဟာ

တကျွတ်ကျွတ်မြည်နေခဲ့ပြန်ပြီ။

အခုလို အားလပ်ရက်ရဲ့

မနက်ခင်းလေးဟာလည်း

တိမ်စိုင်မည်းကြီးတစ်ခုလိုသာ

ချက်ချင်း ရွာချတော့မည့်အလား။

ရှုံးနှိမ့်မှုတွေနဲ့ ရင်ဆိုင်

ကြိမ်ဖန်များစွာပေ့ါ

လောကကြီးရဲ့  မျက်နှာသာ မရမှုမှာ

အဝါကဒ်လည်း ပြခံရသေး။

ရင်ထဲက

မျှော်လင့်ချက် လ‌လေးတစ်စင်းလည်း ‌‌ကြွေကျ

အလံဖြူလွင့်မယ်ဆို လွင့်လောက်ပါရဲ့။

ဒါပေမယ့် ……. ဒါပေမယ့်

ဒီဘဝ အမှောင်ထုကို ကြယ်တာရာတွေနဲ့ ခွင်း

ထွန်းလင်းပစ်လိုက်ချင်သူ။

တကယ်တော့ .........

ဒီလောက ဒုက္ခ သုတ်ခ အသုပ်စုံတွေကိုလည်း

ရယ်စရာ ဟာသဝတ္ထုတစ်ပုဒ် ပဲလို့

ရင်ဝယ်မှတ်ယူ၊

မျှော်လင့်ချက်ဘီးကို အသစ်လဲ

ရွှေလင်းယုန်ရဲ့

ခွန်အားသစ်နဲ့

အားမန်သစ်နဲ့

ပျံသန်းကာ

အခတ်အခဲဆိုတဲ့ ဝတ်ရုံလွှာ ထက်မှာ

ခပ်သော့သော့ လှိမ့်ရုံပါပဲ။

Classylian
04/02/2020
On Tuesday
Photo Credit: flickr.com

Comments

Post a Comment