If

 
 𝘐𝘧—⁣
If you can keep your head when all about you⁣
Are losing theirs and blaming it on you;⁣
If you can trust yourself when all men doubt you,⁣
But make allowance for their doubting too;⁣
If you can wait and not be tired by waiting,⁣
Or, being lied about, don’t deal in lies,⁣
Or, being hated, don’t give way to hating,⁣
And yet don’t look too good, nor talk too wise;⁣
If you can dream—and not make dreams your master;⁣
If you can think—and not make thoughts your aim;⁣
If you can meet with triumph and disaster⁣
And treat those two impostors just the same;⁣
If you can bear to hear the truth you’ve spoken⁣
Twisted by knaves to make a trap for fools,⁣
Or watch the things you gave your life to broken,⁣
And stoop and build ’em up with worn-out tools;⁣
If you can make one heap of all your winnings⁣
And risk it on one turn of pitch-and-toss,⁣
And lose, and start again at your beginnings⁣
And never breathe a word about your loss;⁣
If you can force your heart and nerve and sinew⁣
To serve your turn long after they are gone,⁣
And so hold on when there is nothing in you⁣
Except the Will which says to them: “Hold on”;⁣
If you can talk with crowds and keep your virtue,⁣
Or walk with kings—nor lose the common touch;⁣
If neither foes nor loving friends can hurt you;⁣
If all men count with you, but none too much;⁣
If you can fill the unforgiving minute⁣
With sixty seconds’ worth of distance run—⁣
Yours is the Earth and everything that’s in it,⁣
And—which is more—you’ll be a Man, my son!⁣
By Rudyard Kipling - 1865-1936⁣
အကယ်၍⁣
.............⁣
အကယ်၍⁣
မင်းအသိုင်းအဝိုင်းက⁣
တုန်လှုပ်ခြောက်ခြားပြီး⁣
ဒါတွေဟာ⁣
မင်းကြောင့်လို့⁣
ဝိုင်း၀န်းပြစ်တင်ကြတဲ့အခါ⁣
မင်းဟာ⁣
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်...⁣
အကယ်၍⁣
အားလုံးက မင်းကို⁣
မယုံသင်္ကာဖြစ်လာတဲ့အခါ⁣
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့⁣
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်...⁣
အကယ်၍⁣
မင်းရဲ့အမှန်စကားတွေကို⁣
လူလိမ်လူညစ်တွေက⁣
လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ညစ်ကြတဲ့အခါ⁣
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ဒါမှမဟုတ်⁣
မင်းဘ၀တစ်ခုလုံးပေးပြီး⁣
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ အင်မတန်သေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်...⁣
အကယ်၍⁣
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ⁣
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်..⁣
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်.. ပြီးတော့တစ်ခါ⁣
ဆိုးလှတဲ့ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်...⁣
အကယ်၍⁣
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ⁣
မင်းအလှည့်ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်..⁣
အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့⁣
ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီစိတ်ဓာတ်အင်အားကို⁣
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်...⁣
အကယ်၍⁣
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်.. ဒါမှမဟုတ်⁣
မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ⁣
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်..⁣
ဒါမှမဟုတ်⁣
မင်းကို လူတကာက ဝိုင်း၀န်းမုန်းတီးတဲ့အခါ⁣
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်..⁣
ပြီးတော့ မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ⁣
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင်...⁣
အကယ်၍⁣
စိတ်ကူးယဉ်အိပ်မက်တွေဟာ မင်းအပေါ်မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်.. အတွေးအခေါ်စိတ်ကူးတွေဟာ မျှော်မှန်းချက်သက်သက်သာမဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်...⁣
အကယ်၍⁣
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့လာရတဲ့အခါ⁣
တူညီသော လောကဓံတရားတွေပါလားရယ်လို့ ခံယူထားနိုင်မယ်ဆိုရင်...⁣
အကယ်၍⁣
လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်.. ဒါမှမဟုတ်⁣
မင်းဧကရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့် မာန်မာနသွေးမကြွဘူးဆိုရင်...⁣
အကယ်၍⁣
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်...⁣
အကယ်၍⁣
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်⁣
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်...⁣
အကယ်၍⁣
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင်...⁣
ငါ့သားရေ မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့⁣
ကမ္ဘာကြီးကိုဆုပ်ကိုင်လို့⁣
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့...⁣
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတစ်ယောက်ပဲပေါ့...။⁣
Translated into Burmese by Aung San Suu Kyi⁣
Image Credit: tes.com



Comments