ဘာလို့ ညဖက်တွေမှ လှုပ်ရှား၊ ကားပတ်မောင်း၊ လူလိုက်ဆွဲတာလဲ။



ဘာလို့ ညဖက်တွေမှ လှုပ်ရှား၊ ကားပတ်မောင်း၊ လူလိုက်ဆွဲတာလဲ။ 

အဖြေကတော့ ရှင်းတယ်။

“They are manipulating you”

စိတ်လှုပ်ရှားတိုင်း စိုးရိမ်တိုင်း ကြောက်ရွံထိတ်လန့်သွားတိုင်း ခန္ဓာကိုယ်မှာ ဟော်မုန်းတွေ ထွက်တယ်။ အထွက်အများဆုံးက Adrenaline ။ ကြာလာရင် သူနောက်မှာ Stress Hormones တွေ ရထားတွဲလို လိုက်ထွက်လာမယ်။

Stress Hormones တွေ များလာရင် ဘာဖြစ်မလဲ??

▪️ စိတ်စုစည်းနိုင်စွမ်း/အာရုံစိုက်နိုင်စွမ်း ကျလာမယ် (Concentration/Focus)

▪️ ညအိပ်မပျော်ဘူး (Insomnia)

▪️ အချိန်တိုင်း နှုံးချိသလိုဖြစ်မယ် (Exhaustion)

▪️ စိုးရိမ်စိတ် ကြီးစိုးလာမယ် (Anxiety)

▪️ စိတ်ဓာတ်ကျလာမယ် (Depression)

▪️ စိတ်တိုမြန် စိတ်ဆူမြန်လာမယ် (Irritation/ Raging)

▪️ ဒေါသနဲ့ တုန့်ပြန်ချင်လာမယ် (Prone to Violence)

▪️ သံပုံးသံကြားရင် စိုးရိမ်လာမယ်

▪️ ညဘက်တွေ အိပ်မရဘူး

▪️ ဒေါသထွက်လာမယ်

တစ်နေရာရာမှာ မီးပွါးထွက်တာနဲ့ လူတွေ ထသောင်းကျန်းကြမယ်။ ဒါ သူတို့ လိုချင်တာပါ။

နိုင်ငံတကာကိုပြဖို့ ဆူပူမှုသက်သေ အကြမ်းဖက်မှုသက်သေတွေ သူတို့ လိုနေပါတယ်။ (ကားနေရာဦးတဲ့ ဘိလပ်မြေတုံးတောင် သက်သေခံ ကောက်ထည့်နေတာသာကြည့်) သာမန်တိုင်းဆို ပြည်သူတွေရဲ့ စည်းလုံးမှု၊ ညီညွှတ်မှု နည်းပညာတွေကြောင့် အရင်လို သေနတ်တန်းထုတ်လို့ မရတော့ဘူး။

ဆူတာပူတာ ဖျက်ဆီးပေါက်ကွဲတာမျိုး လိုချင်နေပါတယ်။ အဲ့တော့ 

▪️ အချင်းချင်းထိန်းပါ

▪️ ငြိမ်းငြိမ်းချမ်းချမ်း ရက်ရှည်ရှည်ဆန္ဒပြပါ

▪️ CDM အားကောင်းလာပါစေ

▪️ တရားထိုင်ပါ/ဘုရားရှိခိုးပါ

▪️ ဂိမ်းဆော့ပါ/သူငယ်ချင်းတွေ မိသားစုတွေနဲ့ အာလူးဖုတ်ပါ/စိတ်အပန်းပြေမဲ့ အလုပ်တွေလည်း လုပ်ပါ

ညဘက်အိပ်ပျော်နိုင်အောင် ရပ်ကွက်တွင်း လုံခြုံရေးစီစဉ်ပါ။ ကင်းသမားကလွဲရင် မသေချာဘဲ သံပုံးမတီးပါနဲ့။ 

Facebook ပေါ်မှာ ခွေးဆွဲသတင်း shareခါနီးတိုင်း source ကို မြန်မြန်လေ့လာပါ။

(ယုံကြည်ရတဲ့သူ or ကိုယ်တိုင်ဖုန်းဆက်စုံစမ်းပြီးမဟုတ်ရင် မ share ပါနဲ့ )

အချုပ်ကတော့

▪️ CDM အရှိန်မလျှော့ပါနဲ့

▪️ အကြောက်တရား မဝင်လာပါစေနဲ့

▪️ နောက်မျိုးဆက်အတွက် အမြဲတွေးပါ

▪️ သိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ်ဆန္ဒပြပါ

▪️ ၅၀၀၀ တန်လို ဗရုတ်မကျပါနဲ့

▪️ လက်မပါ ပါနဲ့

#Credit

#ကော်ပီကူးပြီးတင်ပေးပါ

 

Comments