CDMလုပ်သူများသတိထားဖို့



Civil Disobedience movement (CDM) i bawl sung teng athei huai le kidop huai thu pawl khat hi leuleu ei.

CDMလုပ်သူများသတိထားဖို့ 
CDM လုပ်သူတွေသည် တရားမဝင်အစိုးရကို တရားဝင်ဝန်ထမ်းများက အသိအမှတ်မပြုဘဲ အာခံတဲ့လုပ်ငန်းဖြစ်တဲ့အတွက် -
၁) ခွင့်မတိုင်ရပါဘူး။
     ခွင့်တိုင်ရင် သူက CDM လုပ်တာမဟုတ်ပါဘူး ခွင့်ယူထားလို့ ရုံးမတက်တာပါလို့ပြောနိုင်တယ်၊ 
၂) အလုပ်မထွက်ရပါဘူး။
     အလုပ်ထွက်တာက အရှုံးပေးရာရောက်ပါတယ်။ ဝန်ထမ်းအခွင့်အရေးဆုံးရှုံးပါတယ်။ ဒီလူက CDM လုပ်           တာ   မဟုတ်ပါဘူး၊ အလုပ်ထွက်ထားပါတယ်လို့ပြောနိုင်ပါတယ်။
၃) အစည်းအဝေး‌ မတက်ရပါဘူး။
     ဌာနများဖြင့် Online meeting အပါအဝင်၊ထွေအုပ်အစည်းအဝေးများ၊
၄)  ဘာစာရင်းတောင်းတောင်းမပေးရပါဘူး။
      ရုံးဆင်းရုံးတက်၊ ခွင့် ပျက်ကွက်စာရင်းအပါအဝင် ၊ အခြားဒေတာများ၊ 
၅) ရုံးလုပ်ငန်းများနဲ့ (လုံးဝ)အဆက် အသွယ် ဖြတ်ရပါမယ်။ 
     ရုံးမတက်လို့ အလုပ်မလုပ်လို့ အရေးယူတာမျိုး၊ လစာမပေးတာမျိုး၊ ဝန်ထမ်းအိမ်ယာများမှ အတင်းအဓမ္မ         ဖယ်ရှားတာမျိုး ဖိအားပေးရုံးတက်ခိုင်းတာမျိုး ရှိနိုင်ပါတယ်။ အဲဒီလိုလုပ်လာရင် လုပ်တဲ့သူရဲ့ တာဝန်သာ.           ဖြစ်ပါတယ်။ 
၆) CDM လုပ်ဆောင်သူများသည် သူများလုပ်လို့လုပ်ရတာမျိုး၊ ခြိမ်းချောက်ခံရလို့လုပ်ရတာမျိုး၊ ဆွဲဆောင်လို့.      လုပ်ရတာမျိုး မဖြစ်ရပါဘူး။ 
၇) ဝန်ထမ်းများသည် ကလေးများမဟုတ်ပါ။ လုပ်သင့်လုပ်ထိုက်လို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ခိုင်ခိုင်မာမာချ.        ပြီးလုပ်သူများသာ ဖြစ်ရပါမယ်။ 
၈) CDM သည် တရားမျှတမှုကို လိုလားသူများဖြစ်ပြီး၊ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် ပြည်သူလူထု.              အားလုံးအတွက် လုပ်ဆောင်ခြင်းသာဖြစ်ရပါမယ်။
၉) CDM လုပ်သူများကို ဟန့်တားနှောက်ယှက် ခြိမ်းခြောက်သူများသည် တရားမဝင်‌ နေရာရယူထားသူများနဲ့          တရားမဝင်လုပ်ငန်းများကိုထောက်ခံသူများသာဖြစ်ပါမယ်။
၁၀) CDM လုပ်သူများသည် တရားမဝင်သောသူများမှ  ပေးလာသော အခွင့်အရေးများကို ငြင်းပယ်ပြီး မိမိတို့       ယုံကြည်ချက်အတိုင်း ဆက်လက်တိုက်ပွဲဝင်နိူင်ရပါမယ်။

Plzzzzz share
Credit to original owner
#CDM
#CivilDisobedienceMovement
#SaveMyanmar
#Justice_of_peace
#WeSupportHeroes
#HearTheVoiceOfMyanmar
#FightForDemocracy

 

Comments